မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, February 26, 2012

တောပျော်ရဟန်းတစ်ပါးရဲ့ ကောက်ကြောင်းလေး



ဆွမ်းမရှိပေမယ့် လမ်းရှိတယ်….။
ကွမ်းမရှိပေမယ့် ကျမ်းရှိတယ်….။
အရမ်းမသိပေမယ့်…မှန်းကြည့်တယ်…။
စမ်းမကြည့်ပေမယ့် တန်းသိတယ်….။

ရေနံချောင်းမြို့နားက အစွန်အဖျားတောရွာလေးတစ်ခုမှာ ကျောင်းထိုင်နေတဲ့ သူငယ်ချင်း တစ်ပါးရဲ့ ကဗျာလေးတစ်ပုဒ်ပါ။ မထင်မှတ်ဘဲ သူ့ဆီရောက်သွားခိုက် သဘောကျတာနဲ့ ရေးမှတ်ခဲ့ပါတယ်။ သူ့ကျောင်းလေးက ချောင်ကျကျနေရာလေးမှာပါ။ ခြောက်သွေ့သွေ့ ယိုင်တိုင်တိုင်နဲ့ မိုးလေလည်း မလုံခြုံပါဘူး။ 

သူဟာ     ဉာဏ်ထက်မြက်ပြီး အမျှော်အမြင်လည်း ကြီးမားပါတယ်။ သာသနာ့ရေသောက်မြစ် ခမ်းခြောက်သွားတဲ့ သူ့ဇာတိရွာလေးမှာ သာသနာပျိုးခင်းတွေ ပြန်လည်အညွန့် ထွက်လာဖို့ အညွန့်တလူလူဖြစ်နေတဲ့ သူ့ရဲ့အောင်မြင်ခါစ ပညာရေးလမ်းခရီးကို စွန့်လွတ်ပြီး ငယ်ငယ် ရွယ်ရွယ်နဲ့ တစ်ကိုယ်တည်း ကျောင်းထိုင်နေရသူပါ။ ဆွမ်းကွမ်းလည်း မပြည့်စုံပါဘူး။ ဒါပေမယ့် သူက မမှုပါဘူး။

 နေ့ညဉ့်မပြတ် ဘာသာသာသနာ၊ ရပ်ရွာတိုးတက်ရေးတွေ ပြုလုပ်ဆောင်ရွက်ရင်း သူ့ခံစားချက်တွေကို အိုမင်းခြတက်နေတဲ့ နံရံတွေမှာ သေသပ်လှပတဲ့ လက်ရေးလေးတွေနဲ့ အမြဲဖွင့်ထုတ်နေတတ်သူပါ။ 
အထက်က ကဗျာလေးကတော့ သူ့ရင်ထဲက အံကျလာတဲ့ သူ့ဘ၀၊ သူ့အခြအနေ ကောက်ကြောင်းလေးတွေပါပဲ….။
ဆက်ချင်ဆက်ဦးမည်……..    

No comments:

Post a Comment