ရွှီး…ရွှီး…ဖြန်း….
မှန်တံခါးကို သစ်ကိုင်းများက လာရိုက်နေသည်။ သစ်ရွက်စိမ်းများ ကပ်ကျန်နေခဲ့သည်။
အားလုံးတိတ်ဆိတ်နေ၏။
ဝှီး…ဒိုင်း…..ဒုန်း…ဒုန်း…ဗျော…..ဗုန်း…
တိုက်ပေါ်က
ဘာပြုတ်ကျသွားမှန်းမသိ။
ဝန်းကျင်တစ်ခုလုံး မှောင်မိုက်နေသည်။ တံခါးကို ဖြည်းဖြည်းချင်း အသာလေး
ဆွဲလှပ်ဖို့ပြင်ခိုက် “မလှပ်နဲ့၊ မလှပ်နဲ့” အမှောင်ထဲက အော်သံကြားတော့
လှည့်ကြည့်လိုက်စဉ် မဲမဲကြီး ငုတ်တုတ်ကြီး ထိုင်နေသူတစ်ဦး။
တစ်ခါတစ်ခါတွင် သုံးထပ်တိုက်ကြီးတစ်ခုလုံး လှုပ်ယိုင်းခါထွက်သွားသည်။ ဘာတွေ
ဖြစ်ပြီကုန်လဲ…။
အလင်းရောင် ပျပျလေး ထွက်လာသည်။ “မိုးပါလာလို့ တော်တာ၊ နို့မဟုတ်ရင် မလွယ်ဘူး”
ဦးသောဘိတဓမ္မအသံကြားရသည်။ “မိုးက လေကို
ဖြတ်တောက်ပေးတယ်။ ဒါကြောင့် သက်သာတာ” သူက
လောဂျစ်ကယ်ရီးစင်းထပ်ထုတ်လိုက်သည်။ ဦးသုနန္ဒ(ဖောင်းပြင်)က အားပါးတရထောက်ခံနေ သည်။
စောစောက ခေါင်မိုးပေါ်က ရေပေပါ(စည်ပိုင်း)ကြီး ပြုတ်ကျသွားတာလို့ သူက ဆိုသည်။
ဒီဇင်ဘာ(၂၉)နေ့ကတည်းက စတင်တိုက်ခတ်နေတဲ့ သိမ်း(Thane)မုန်းတိုင်း။ ၂၉ ရက်နေ့ (၁၂)
နာရီ ကျော်တာနဲ့ ပြင်းထန်းလာလေတော့၏။ အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်၊
ချင်နိုင်း (Chennai) မြို့၏ အရှေ့နဲ့ အရှေ့တောင်ဘက်၊ မိုင်(၃၃၀)ခန့်၊
မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းရဲ့ အနောက်နဲ့ အနောက် တောင်ဘက်၊
မိုင်(၅၇၅)မိုင်ဝန်းကျင်၊ ပုသိမ်မြို့၊ အနောက်တောင်ဘက်၊ မိုင်(၇၂၀) ခန့်
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ကို ဗဟိုပြုပြီး ၆ နာရီအတွင်းမှာ အနောက်-အနောက်
တောင်ဘက်ကို တစ်နာရီ ၇ မိုင်နှုန်းနဲ့ ရွေ့လျားနေတဲ့ ဆိုင်ကလုန်းမုန်းတုန်း။ NRL
data တွေ ထုတ်ပြန်ချက်က ၂၈ ရက်နေ့ကတည်းက စတင်တိုက်ခတ်နေတာတဲ့။ အိန္ဒိယ နေ့စဉ်
သတင်းစာ ကလည်း ကြိုတင်သတိပေးပြီး ရာသီဥတုအခြေအနေကို တိတိကျကျ တွက်ချက် ဖော်ပြထားပါတယ်။
လမ်းဘေးတဲသာသာအိမ်လေးများတွင် နေထိုင်တဲ့ ဒေသခံပြည်သူတွေကို ဆေးရုံ၊
စာသင်ကျောင်းတွေမှာ နေရာချပေးထားပါတယ်။
အိန္ဒိယမိုးလေဝသနဲ့ ဇလဗေဒဌာနတို့ ပြောကြားချက်အရ
ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာကို အခြေပြုတိုက်ခတ်ခဲ့တဲ့
ဆိုင်ကလုံးမုန်တိုင်းနာမည်များအား အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊
မော်လဒိုက်၊ မြန်မာ၊ အိုမန်နဲ့ ထိုင်းနိုင်ငံတွေက အလှည့်ကျ နာမည်ပေးခြင်းဖြစ်ကြောင်း
သိရပါတယ်။
၂၀၀၄ ခုနှစ်က စတင်အသက်ဝင်ခဲ့တဲ့ ကမ္ဘာ့မိုးလေဝသ၊ ဇလဗေဒအဖွဲ့နဲ့ ကုလသမဂ္ဂ အာရှ၊ ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်တိှု့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအညီ ခုလို နာမည်သတ်မှတ်ခြင်းဖြစ်ပါတယ်။ နိုင်ငံရှစ်နိုင်ငံက အမည် ၆၄ ခု ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာတယ်။ ခု ဘင်္ဂလား ပင်လယ်အော်ဆီ ရွေ့လျားနေတဲ့ ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံက ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်များက ပေးခဲ့တဲ့ နိုင်ငံနဲ့ ဆိုင်ကလုံး နာမည်များမှာ….
၂၀၀၄ ခုနှစ်က စတင်အသက်ဝင်ခဲ့တဲ့ ကမ္ဘာ့မိုးလေဝသ၊ ဇလဗေဒအဖွဲ့နဲ့ ကုလသမဂ္ဂ အာရှ၊ ပစိဖိတ် စီးပွားရေးနဲ့ လူမှုရေး ကော်မရှင်တိှု့ ချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေအညီ ခုလို နာမည်သတ်မှတ်ခြင်းဖြစ်ပါတယ်။ နိုင်ငံရှစ်နိုင်ငံက အမည် ၆၄ ခု ပြင်ဆင်ထားပြီး အလှည့်ကျ ကြေညာတယ်။ ခု ဘင်္ဂလား ပင်လယ်အော်ဆီ ရွေ့လျားနေတဲ့ ဆိုင်ကလုံးနာမည် သိမ်း (Thane) အား မြန်မာနိုင်ငံက ပေးခဲ့တာပါ။
ပြီးခဲ့တဲ့ နှစ်များက ပေးခဲ့တဲ့ နိုင်ငံနဲ့ ဆိုင်ကလုံး နာမည်များမှာ….
- လိုင်လာ (ပါကစ္စတန်)၊ နစ်ရှား (ဘင်္ဂလားဒေ့ရှ်) ၂၀၁၀
- ဖျန်း (မြန်မာ) ၂၀၀၉
- အိုင်လာ (မော်လဒိုက်) ၂၀၀၉
- ဘီဂျလီး (အိန္ဒိယ) ၂၀၀၉
- ရက်ရှ်မီး (သီရိလင်္ကာ) ၂၀၀၈
- နာဂစ် (ပါကစ္စတန်) ၂၀၀၈
အရှင်က သီရိလင်္ကာကနေ ၂၇ ရက်နေ့မှာ အိန္ဒိယနိုင်ငံ၊ ချင်နိုင်းမြို့ကို
ရောက်ရှိပါတယ်။ ၂၈ ရက် နေ့နံနက်မှာ မုန်တိုင်းသတင်းကို ဖတ်ထားပါတယ်။
အရှင့်ရဲ့သူငယ်ချင်းမိတ်ဆွေရဟန်းတော် (၈)ပါးက ချီဒမ်ဘရမ်(Chidambaram)မြို့၊
အနာမလိုင်းတက္ကသိုလ်(Annamalai Univarsity)မှာ Ph.D တန်းတက်နေကြပါတယ်။ သူတို့အတွက်
စာအုပ်စာတမ်း၊ သင်္ကန်း၊ နို့မှုန့်၊ ခေါင်းရိတ်ဓား၊ လဘက်ခြောက်စတာတွေ လှူဒါန်းဖို့ အဲဒီမြို့ကို သွားမှ ဖြစ်မှာပါ။
ချင်နိုင်းကနေ ဂယာသွားဖို့ ရထားလည်း စီစဉ်ပြီးပြီ။ ဂယာကနေ မြန်မာပြည်ကို
ပြန်ဖို့လေယာဉ်လက်မှတ်ကလည်း ကြိုတင်ဖြတ်ထားပြီးပြီ။ အန္တရာယ်ကို ကြောက်ပြီး
မသွားရင် သူတို့လိုအပ်ချက်တွေလည်း ဆုံးရှုံးသွားနိုင်ပါတယ်။ ဒီတော့ မိမိပြုလုပ်တဲ့
ကုသိုလ် ကောင်းမှုဓမ္မအစွမ်းကိုပဲ အားကိုးပြီး ဖြစ်ချင်ရာ ဖြစ်စေတော့ဆိုပြီး
မိတ်ဆွေသူငယ်ချင်းရဟန်းတော် ဦးဓမ္မသီရိနဲ့အတူ
ရထိမီနာ(Rathimeena)ဘတ်စ်ကားစီးပြီး ၂၈ ရက်နေ့ နေ့လည် ၁ နာရီ ၅၅
မိနစ်မှာ ချင်နိုင်းမြို့ကနေ စတင်ထွက်ခဲ့ပါတယ်။ ကားခ ၂ ပါးစာ
ရူးပီး(၅၀၀)ပေးရပါတယ်။ ကားဂိတ် ကို တက်စီငှားရာ ရူးပီး ၈၀၀ ကျပါတယ်။ လမ်းဘေးကားရပ်တော့
လဘက်ရည် တစ်ပါး တစ်ခွက် သောက်ရာ တစ်ခွက်ကို ၁၃ ရူးပီးကျပါတယ်။ (ချီဒမ်ဘရမ်မြို့ထဲမှာ တစ်ခွက်ကို ၆ ရူးပီးပေးရပါတယ်။) ည ၇ နာရီ ၁၅
မိနစ်မှာ သီရိနိဝဆ(Sri Nivasa) ရုပ်ရှင်ရုံ(Theater)နားမှာ ဆင်းရပါတယ်။
အရှင်ဥေယျဓမ္မ၊ အရှင်သောဘိတဓမ္မနဲ့ ဘုန်းကြီးဦးပဏ္ဍိတို့ လာကြိုကြပါတယ်။
၂၉ ရက်နေ့ မနက်ခင်းမှာ သူငယ်ချင်းများက သူတို့တက်ရောက်လေ့လာနေတဲ့ အနာမလိုင်း
တက္ကသိုလ်ကြီးထဲကို ခေါ်သွားပါတယ်။ ဒီတက္ကသိုလ်ကြီးမှာ မြန်မာရဟန်းတော်တွေ ယခုနှစ်မှ
စတင် တက်ခွင့်ရတာပါ။ အစက ၁၀ ပါးပါ။ လက်ရှိမှာတော့ ၈ ပါးပဲကျန်ပါတယ်။
မြန်မာရဟန်းတော်တွေကို မမြင်ဘူးလို့ သွားလေရာမှာ ၀ိုင်းဝိုင်းအကြည့်ခံရပါတယ်။
ဓာတ်ပုံတွဲရိုက်ချင်တဲ့သူတွေလည်း ပေါပါတယ်။ သတင်းထောက်တွေက သေချာဓာတ်ပုံရိုက်ပြီး
သူတို့သတင်းစာမှာ ဖော်ပြထားပါတယ်။ အပြင်သွား ရတာလည်း ခပ်လန့်လန့်ပါပဲ။
အာရှမှာ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းသား၊
ကျောင်းသူပေါင်း သိန်းချီပြီး လေ့လာနေကြတာပါ။ အာဖရိကမှ နီဂရိုးကျောင်းသား၊
ကျောင်းသူတွေ (၄၀၀) လောက်လည်း ပညာဆည်းပူးနေကြပါတယ်။ ဌာနပေါင်း (၄၉)
ခုရှိပါတယ်။ မြန်မာရဟန်းတော်တွေ တက်ရောက်လေ့လာနေတဲ့ ဖီလိုဆိုဖီဌာနကို ၁၉၂၉ မှာ
စတင်ဖွင့်လှစ်ခဲ့တာပါ။ ဒီတက္ကသိုလ်ကြီးကို ၁၉၂၅ ခုနှစ်က အိန္ဒိယကဗျာဆရာကြီး ရာဘင်ဒရာနတ်တဂိုး
(Rabindranath Tagore)နဲ့ ဒေါက်တာဆာရေပလ္လိရာ ဒကရစ်ရှနန် (Sarvepalli
Radhakrishnan) တို့တည်ထောင်ခဲ့တာပါ။
လေ့လာလို့မဆုံးခင်မှာပဲ မုန်တိုင်းကြောင့် ကျောင်းတွေ ပိတ်နေပါပြီ။
နောက်ကြနေတာမို့ ဓာတ်ပုံလည်း သေချာမှတ်တမ်းမတင်နိုင်တော့ပါဘူး။ မုန်းတိုင်းက
အစပြုနေပါပြီ။ ညရောက်တော့ ဖြည်းဖြည်းချင်းနဲ့ တိုက်ခတ်ပြီး ည ၁၂ နာရီကျော်တာနဲ့
ကြမ်းတော့တာပါပဲ။ ၃၀ ရက်နေ့ နံနက် ၇ နာရီလောက်မှာ စာရေးသူတို့နေတဲ့ သုံးထပ်တိုက်၊
အပေါ်ဆုံးထပ်ကို တမီးလ်ဟိန္ဒူကလေးငယ်များ ပြေးတက်လာပြီး စာရေးသူတို့အခြေအနေကို
လာကြည့်ပါတယ်။ အရှင်တို့ကိုတွေ့တော့ ၀မ်းသာ နေကြပါတယ်။ တိုက်ပေါ်က ရေတွေကိုလည်း
ခပ်ထုတ်ပေးပါတယ်။ စမူဆာများလည်း လာပို့ပေးပါတယ်။ ဘာသာမတူသော်လည်း
သူတို့ခေါင်းထဲမှာ အစွဲအလမ်းမပြင်းထန်သေးတော့ ဖြူစင်မှုနဲ့ သန့်ရှင်းတဲ့
ခင်မင်မှုလေးတွေကို တွေ့ရပါတယ်။ စိတ်ထဲ တော်တော်ကြည်နူးမိပါတယ်။
မုန်းတိုင်းလည်း
ပြီးသွားပါပြီ။ အိန္ဒိယနိုင်ငံတောင်ပိုင်း၊ ပွန်ဒီချယ်ရီကမ်းခြေနဲ့ တမီလ်နာဒူးပြည်နယ်ကမ်းခြေမှာ လူ ၃၅ ဦး သေဆုံးခဲ့ကြောင်း၊ လမ်းတွေ ပိတ်ဆို့သွားကြောင်း စနေနေ့ထုတ် Times of India သတင်းစာမှာ ဖော်ပြထားပါတယ်။ လင်္ကာက သူငယ်ချင်းတွေကလည်း မေးလ်ကနေ အဆင်ပြေ-မပြေမေးမြန်းရင်း စိုးရိမ်ပူပန်နေကြပါတယ်။ အရှင်တို့အဖို့ ဘေးရန်ကင်းကွာ ချမ်းသာစွာနဲ့ ခရီးစဉ်ဖြောင့်ဖြူးသာယာခဲ့ပါပြီ။ ခုလို
ခရီးစဉ် ဖြောင့်ဖြူးတာဟာ ချင်နိုင်းမှာ နှစ်(၃၀)နီးပါးလောက်နေထိုင်နေတဲ့
မြန်မာပြည်ဖွား၊ ဦးချင်းယားနဲ့ ဒကာမကြီးဒေါ်စိန်ထွေးတို့မိသားစုရဲ့
စီမံပေးမှုကြောင့်ပါ။ သူတို့မိသားစုက စေတနာလွန်စွာ ဖြောင့်စင်းပါတယ်။
သူတို့ဆီရောက်လာတဲ့ မြန်မာရဟန်းတော်မှန်သမျှကို မငြီးမငြူပဲ စိတ်ရှည်လက်ရှည်နဲ့
ကူညီ ပေးလေ့ရှိပါတယ်။ အိန္ဒိယမှာ ပညာသင်နေတဲ့ ရဟန်းတော်များ၊ အိန္ဒိယနဲ့ပတ်သက်ဘူးတဲ့ ဆရာတော်များအဖို့ သူတို့မိသားစုရဲ့ အကူအညီလွတ်သူခပ်ရှားရှားပါပဲ။
ချင်နိုင်းတက္ကသိုလ်တစ်ခုမှာ ဒေါက်တာဘွဲ့အတွက် ပညာသင်နေတဲ့ ဦးသြဘာသနဲ့
ဦးနန္ဒသာရတို့ကလည်း စေတနာအပြည့်အ၀နဲ့ စာရေးသူတို့ရဲ့လိုအပ်ချက်တွေကို
စေတနာအပြည့်အ၀နဲ့ ကူညီပေးကြပါတယ်။
သူတို့စေတနာ၊
သူတို့မေတ္တာတွေနဲ့ ကုသိုလ်ကောင်းမှုဓမ္မစွမ်းအင်တွေကြောင့် ဘေးရန်တွေ ကနေ
လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနေ့ရက်တွေမှာ ဟာသမထုတ်နိုင်တာကတော့ သေချာ ပါတယ်။
သြော် ဟာသမထုတ်နိုင်တဲ့ နေ့များပါတကား……။
အကိုး
1.86th Session of Indian
Philosophical Congress(IPC) လက်ကမ်းစာရွက်စာတမ်းများ။
2.28.Dec.2011,India
Daily News Paper,
3.http://www.mizzimaburmese.com/news/regional/8832--thane--.htm(31.12.2011)
အိန္ဒိယနိုင်ငံ၊ တမီလ်နာဒူးပြည်နယ်၊ ချီဒမ်ဘရမ်(Chidambaram)မြို့မှ အာရှရဲ့အကြီးမားဆုံး အနာမလိုင်းတက္ကသိုလ်ကြီး
ရေသတ္တ၀ါများစွာထားတဲ့ ပြတိုက်ကြီး
တက္ကသိုလ်က တမီးလ်ကျောင်းသားများနဲ့အတူ
No comments:
Post a Comment