မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, January 6, 2013

အဖြည့်ခံ


ရိုးတံညှာ သူ့တစ်သက်
ဆက်လက်၍ ရှင်သန်
ပန်းပွင့်ရန် ထောက်ပံ့
ယုတ်ညံ့တယ် မထင်မိ
ဘေးကြည့်မှာ သတိမထား
အလှတရားကို မြှင့်
တစ်ပွင့်ပြီး တစ်ပွင့်
ပွင့်ပြီးသော် ပစ်သွား
တစ်ဆင့် မသနားခံ ရိုးတံ
အငြိုးမထန်ပဲ ခံရ
သြော် ရိုးတံဘ၀.............။

(လွန်ခဲ့တဲ့ ၁၅ နှစ် ၀န်းကျင် ရှင်သာမဏေဘ၀က ကဗျာစပ်နည်းတွေ လေ့လာပြီး စိတ်ကူးပေါက်ရာ ရေးခဲ့မိတဲ့ ကဗျာတစ်ပုဒ်ကို မှတ်စုစာအုပ်မှာ ပြန်တွေ့တာနဲ့ အပျင်းပြေ အမှတ်တရ ပြန်တင်လိုက်တာပါ.........)

No comments:

Post a Comment