မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Thursday, December 27, 2012

အလှရှာပုံတော်


ဒီမြေမှာမွေး၊
ဒီရေကိုသောက်၊
ဒီကောက်ကိုစား၊
မြန်ပြည်ဖွားတဲ့....။
ရှေးအခါက၊
ပြောပြမပို၊
မောင်တို့ပျိုမှာ၊
သနပ်ခါးစက်၊
ပါးမှာကွက်လို့၊
ဆံရှည်ကိုထုံး၊
ရင္ဖုံးအက်ီၤ၊
သုံးတောင်ရှည်ကို၊
လုံခြုံသေချာ၊
ဝတ်ခါလာခဲ့......။
ခုတော့လည်းပျောက်၊
အနောက်ကိုမျှော်၊
ချယ်သော်မိတ်ကပ်၊
ဆိုးဆေးတပ်လို့၊
စကပ်အတို၊
လက်ပြတ်ရှိုကို၊
ရှေ့ကွဲနောက်ကွဲ၊
ဘေးကွဲစုံပြ၊
မလုံလှသည့်၊
ဝတ်စားပုံနှင့်၊
ဖြတ်စဆံပင်၊
တိုထွာဆင်သည်၊
အသင်မြန်မာ၊
ယဉ်စွာအလှ၊
ရှာမရ၊
ကြွေကျ..မြေခလေပြီတကား……။

ဦးထွန်းတင် (အင်ဂန်းကုန်း)
ဝမ်းတွင်းမြို့နယ်၊ အင်းဂန်းကုန်းကျေးရွာမှ ခရစ်ယာန်မှ ဗုဒ္ဓဘာသာဖြစ်လာသူ ဒကာကြီး ဦးထွန်းတင်က သူရေးထားတဲ့ ကဗျာများကို ပြပြီး ကျနုပ်အား ပြင်ခိုင်းလေသည်။ ထိုကဗျာများထဲမှ တစ်ပုဒ်ကို အပျင်းပြေတင်လိုက်သည်။
(အင်းဂန်းကုန်းကျေးရွာ၊ ၀ါတွင်း တရားပွဲအမှတ်တရ)






No comments:

Post a Comment