တစ်ခါက ဒို့ဆရာ
ဆွမ်းစားက ပြန်လာ
ဝဲယာမှ ဒကာ၊ ဒကာမတွေနဲ့
မာစီဒီး၊ လင်ခရိုစာ
ကားအလှတွေရောပါ......။
တိုက်ထဲအရောက်
မျက်စိနောက်စရာ
ဗိုက်မှောက်ဒူးထောက်
သင်္ကန်းပြောင် စက်တော်ခေါ်
စာသင်သားများက တမျှော်တခေါ်
အော်......မတော်လိုက်ပါဘိ......။
ဟော........တနေရာ
ဝိမုတ္တိကျောင်းအောက်မှာတော့
မပျော်တဲ့ စာကျက်သံ
ပွက်ပွက်ဆူညံ
အရေအတွက်မှန်
သုံးဆယ်လောက် ကေန်...။
ဤနှစ်တန် ချိန်ထိုး
လက်ညှိုးထိုး နှိုင်းယှဉ်
အသံရှင် ကိုယ်တော်များ
ကြည်ညိုထိုက်ပါလား....ဟု
ဝပ်တွားကာ လက်စုံမိုး
ရှိခိုးဖို့ ပြင်.....။
ဆရာရှင် ထိုအခိုက်
အလိုမလိုက် လမ်းစဉ်
ရိုးခိုးချင်လျင်
စက်တော်ရှင် ကိုယ်တော်များ
ဦးခိုက်သင့်သား...
သူတို့ဟာ
ဝီရိယ၊ ပညာသာလို့
ဒဏ်လွတ်ခါ နားနေကြောင်း
ဖြစ်ကြောင်းအမှန်
ဇာတ်မြစ်ကိုလှန်
ဓမ္မဓိဋ္ဌာန်ကျ
ဆရာ့သြ၀ါဒ
ကြည်ညိုလှပါ၏.......။
(အစားထိုးမရတဲ့ သာသနာ့အာဇာနည်ဆရာအရှင် ဘ၀နတ်ကျောင်းရွေ့ပြောင်းသွား၍ မစိုးရိမ်နေခိုက်က တွေ့ကြုံနာယူခဲ့မိတဲ့ ဆရာသခင်ဩ၀ါဒကို လွမ်းတသသနဲ့ ရေးဖွဲ့လိုက်ပါသည်။)
(အစားထိုးမရတဲ့ သာသနာ့အာဇာနည်ဆရာအရှင် ဘ၀နတ်ကျောင်းရွေ့ပြောင်းသွား၍ မစိုးရိမ်နေခိုက်က တွေ့ကြုံနာယူခဲ့မိတဲ့ ဆရာသခင်ဩ၀ါဒကို လွမ်းတသသနဲ့ ရေးဖွဲ့လိုက်ပါသည်။)