၂၂.၄.၂၀၁၃ နေ့တွင် ကျောက်ဆည်ကနေ မိတ္ထီလာသို့
ခရီးတစ်ခေါက် ပြန်ရောက်ခဲ့ တယ်။ ခြောက်သွေ့နေတဲ့ မြင်ကွင်းတွေ၊ မီးရှို့ခံထားရတဲ့
အဆောက်အဦတွေ၊ လုံခြုံရေးရဲတွေ ကို တွေ့နေရတယ်။ ၂၀ ရက်နေ့က နယူးဝိတ်ရွှေဆိုင်မှာ
စတင်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခရဲ့ အဓိ ကရုဏ်းပြကွက်တစ်ခုက ပြုပြင်ပြောင်းလဲနေတဲ့
မြန်မာ့ဒီမိုကရေစီဇာတ်ခုံကို ကိုင်လှုပ်နိုင်ခဲ့ တယ်။ တရားမျှတမှု၊
ဘာသာတရားလွတ်လပ်မှု၊ စီးကမ်းကျနတဲ့ စနစ်သစ်(သို့) ခေတ်သစ် တစ်ခုကို
ပုံဖော်နိုင်သလား....မဖော်နိုင်ဘူးလားဆိုတဲ့ စမ်းသပ်မှုရသမျိုးစုံကို ပေါက်ဖွားပေး
နိုင်တဲ့ သမိုင်းဝင်ပြကွက်တစ်ခု ဖြစ်လာခဲ့တယ်။ တစ်ခန်းမရပ်နိုင်တဲ့
တစ်ခန်းရပ်ပြဇာတ်တစ်ခု လိုပါပဲ။
၂၄ ရက်နေ့က ဖမ်းဆီးထားတဲ့ မြန်မာတွေ၊ ကုလားတွေကို အမှုစစ်ဆေးတယ်။ ပြန်လည်လွှတ်ပေးသင့်သူကို လွှတ်ပေးမယ်လို့ သိရတယ်။ မြန်မာတွေအပေါ် စီရင်ချမှတ်တဲ့ ဥပဒေတွေက မမျှတဘူးလို့ အမျိုးသားရေးစိတ် ယိုဖိတ်သူများက အံကြိတ်ကြတယ်။ မြန်မာ ပို့စ်မှာလည်း ဆရာတော်ဦးဝီရသူကို ပြန်လည်ဖမ်းဆီးမယ့် အနေအထား ဖော်ပြထား တယ်။ မလေးရှားစတဲ့ မူဆလင်နိုင်ငံတွေမှာ သူတို့ဘာသာတရားနဲ့ လူမျိုးရေးကို ဥပဒေက လုံခြုံမှု အပြည့်အ၀ပေးထားကြောင်းသိရတော့ ကိုယ့်နိုင်ငံနဲ့ယှဉ်ပြီး မခံချင်စိတ်က ထိတ်အထိ တက် လာခဲ့တယ်။
အတွေးပုံရိပ်တွေနာက်လိုက်နေစဉ် အတိက်သမိုင်းမှ ဂန္ထ၀င်ပြကွက်များက အသုံး တော်ခံဖို့ရန် အစီအရီထွက်ပေါ်လာခြေပြီ။ မြန်မာသမိုင်းရဲ့ အာဇာနည်သူရဲကောင်းကြီးတစ်ဦး ဖွားကနဲပေါ်လာတယ်။ သူ့နောက်မှာ ထေရ၀ါဒသာသနာကို ခိုင်မာအောင် စတင်အုတ်မြစ်ချ ပေးသူ၊ ပထမမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့သူ၊ တိုင်းရင်းသား ရွှေမြန်မာညီအကို မောင်နှမများကို ပေါင်းစည်းပေးနိုင်မှုရဲ့ သတ္တိ၊ ဗျတ္တိအရည်အသွေးများကို အရောင်တင်ပေး နိုင်ခဲ့သူ စသည့် ဂုဏ်ပြုစာတမ်းများက အရှိုအရှိုထွက်ပေါ်လာသည်။ သူဟာ အနော်ရထာမင်း မြတ် ဖြစ်ကြောင်းကို ပရိသတ်က မပြောဘဲနဲ့ ကြိုသိနေကြပြီ။
သူ့အပါးမှာ မြင်းသည်တော်တစ်ဦး ခစားနေလျှက်ရှိတယ်။ ပြည်သူ၊ ပြည်သားတွေရဲ့ စားဝတ်နေရေးအတွက် တူးဖော်ထားတဲ့ ကန်တော်ကြီးကျိုးပေါက်မှုကို ပြုပြင်ပြီးနောက် ....ဒီ ကန်တော်က-ရေ ပုပ္ပါးတောင်ခြေ ထိ-မထိ ကြည့်စေ....အမိန့်ပေးလိုက်သည်။ မြင်းသည်တော် က နံနက်ကြက်ဆင်းချိန်မှာ အမြန်နှုံးနဲ့ စတင်ထွက်ခွာပါတော့တယ်။ ညကြက်တက်ချိန် ပြန် ရောက်လာတော့ မင်းကြီးက ...ပုပ္ပါးတော်ခြေ ရေထိသလော...မေးတော်မူလိုက်တယ်။ မြင်း သည်တော်က မထိလာပါဘုရားလို့ လျှောက်တင်ရင်း မြင်းရောလူပါ ဇီဝိန်ကြွေသွားပါ တော့ တယ်။ ထိုကိုစွဲ၍ ..မထိလာကန်..ဟု သမိုင်းမှာ နာမည်ကျန်ခဲ့တယ်။ ကာလကြာညောင်းမှု ဒဏ်ရဲ့ တိုက်စားမှုကြောင့် မထိလာကနေ မိတ္ထီလာ ဖြစ်လာခဲ့တယ်။
ကန်တော်သမိုင်းပုရပိုက်မူကလည်း....
မထိဣတိ
သဒ္ဒံ လာတိ၊ ၀ဒတိ ဣတိ မထိလာ။
ဣဒါနိ စ မိတ္ထီလာတိ၊ သဗ္ဗဇနေဟိ ၀ုစ္စရေ...ဟူ၍
ထောက်ခံပေးပါတယ်။
နေမိဇာတ်တော်၊ မဟာဇနကမင်းဇာတ်တော်တွေမှာပါရှိတဲ့
မိထိလာပြည်ကြီးလိုပဲ ရန်အပေါင်းကို ရှင်းလင်းသုတ်သင်နိုင်တဲ့အတွက်၊
စည်းစိမ်ဥစ္စာရတနာရွှေငွေ ဆန်ရေစပါးများ ကြွယ်ဝတဲ့အတွက် သဒိသူပစာအနေနဲ့ မိထိလာဆိုတဲ့
ပါဠိအမည်ကနေ မိတ္ထီလာ ဖြစ်လာ ကြောင်း ဆိုကြတယ်။
(ဝေရံ
မထတိ ဟိံသတိ၊ ဧတသ္မိ တိ မိထိလာ။
သမ္ပတိ
ဟိ မိတ္ထီလာတိ၊ အပိစ ဝေါဟရီယတေ..။)
မိတ္ထီလာကန်တော်ကို ရှေးက သျှီသျှားကန်၊ မေတ္တာကန်၊ မထောင်းတာကန်လို့လည်း အမျိုးမျိုးခေါ်ဝေါ်ကြပြန်တယ်။ ..ရေ စစ်ကိုင်း၊ လှိုင်း ပခန်းငယ်၊ လယ် တောင်တွင်း၊ စပါး ရမည်း သင်း၊ အင်း တောင်သမန်၊ ကန် မိတ္ထီလာ..ဟုလည်း ထင်ရှားခဲ့သည်။ ကင်းဝန်မင်းကြီးရဲ့ အံ့ကိုးပါး အချိုးကလည်း မှတ်သားစရာကောင်းလှပါတယ်။
အံ့ကိုးပါး အချိုး
သုံးနှစ်ကယ်
သုံးတန်၊ လုပ်စားမှန်ကန်လို့
ဆင်ဆဒ္ဒန်
ရေပြွန်လျှိုး၊ တိုးဝင်လောက်သာ
ငှက်ကြိုးကြာ
ရေမသောက်သည့်ပြင်
ရှေ့နောက်
မြောက်တောင်က
ငဲ့တော်ယောင်
ရှုမျှော်ကြည့် ထိ မထိပါ
သည်အရာ မှတ်ပါတော့
တခန်း
ငါးရံ့ ငါးခူနှင့်
ငါးပူစီ ဘယ်မရှိသည့်ပြင်
ရေညှိမတင်ပြန်ရ၊
စိဉ္စ တဆစ်သီးပါလို့
မာန်ကျည်း ပေပင်က၊
ကမ်းညာခွင် ပါသည့်ဒိုက်ကယ်
အမှိုက်လာ
မ၀င်စွာမို့၊ မိတ္ထီလာ အံ့ကိုးကို
ထိုးတော့
ဥဒါန်း..............
မိတ္ထီလာကန်ပတ်လည်မှာ.........
သိမ်
(၉) သိမ်၊
ဂူ (၉)
ဂူ၊
ကုန်း
(၉) ကုန်း၊
အင်း
(၉) အင်း၊
အိုင်
(၉) အိုင် ရှိကြောင်း ဖော်ပြထားတယ်။
မိတ္ထီလာကန်နဲ့ ပတ်သက်တဲ့ မော်ကွန်း (၄)
စောင်ကလည်း မိတ္ထီလာထဲက သမိုင်းကို အရောင်ဆိုင်းပေးနေပါတယ်။
အဲဒါတွေကတော့
၁။
ရှင်မဟာသီလ၀ံသဆိုထားတဲ့ ကျူးလော့ စစ်ခေါင် ချီ သျှီသျှားကန်ဘွဲ့ မော်ကွန်းရယ်၊
၂။
တွင်းသင်းတိုက်ဝန် မဟာစည်စပ်ဆိုထားတဲ့ ကျူးလော့ မြေတာချီ မော်ကွန်းရယ်၊
၃။
ဗလနန္ဒသူသီကုံးခဲ့တဲ့ ရှုလော့ စဉ်ရှည် ချီ မော်ကွန်းနဲ့
၎။
ရွှေတောင် နန္ဒသူမှတ်တမ်းတင်ခဲ့တဲ့ ပွင့်လင်းကျက်သရေ ချီ မော်ကွန်းတို့ ဖြစ်ပါတယ်။
တိုင်းတစ်ပါးသားတွေ အုပ်ချုပ်စဉ်ကလည်း
မိတ္ထီလာကန်တော်ကို စာပေမှတ်တမ်း တွေနဲ့ အရောင်တင်ခဲ့ကြပါသေးတယ်။ ယခုလည်း
ဦး......ဆိုသူက ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ ဋီကာချဲ့ထားတာ တွေ့ရတယ်။
ခေတ်အဆက်ဆက် သမိုင်းဝင်ခဲ့တဲ့ သမိုင်းထဲက မိတ္ထီလာနောက် တကောက် ကောက် လိုက်နေမိသည်။ တန်းခူးလပြည့်ည ရောက်တော့မည့်ဆဲဆဲ သာယာလှပ အေးမြတဲ့ ဘော်ငွေရောင်တွေက မိတ္ထီလာမြို့ကို ဖွဖွအေး မွေးမွေးပေးနေပုံက ကြည်နူးစရာပါပဲ။ တောမအနီးမှ သူငယ်ချင်းဖြစ်သူ ဦးနန္ဒိယရဲ့ ကျယ်ဝန်းလှတဲ့ ခြံကြီးထဲက သရက်နံ့၊ ဇလပ်နံ့စတဲ့ ပန်းရနံ့တွေက ၀န်းကျင်အား မွေးရနံ့များဖြင့် ကျေးဇူးပြုနေကြသည်။ ဩကာသ လောကကြီးက အိပ်မောကျနေဟန်တူရဲ့။ ထိုစဉ် ဆူညံပွတ်လောရိုက်ခတ်သံတစ်ချို့က ကြည်နူးစရာအလှများကို ချက်ချင်းရိုက်ချိုးပစ်ပါတော့တယ်။ သတ္တလောကသားတွေကတော့ လောဘ၊ ဒေါသ၊ မာန်မာနတွေရဲ့ ထိုးနှက်မှုတွေကို အလူးအလဲခံနေရတယ်။ ကမ္ဘာမြေကို အကျည်းတန်စေမယ့် ကကြိုးကကွက်တွေကို ပုံဖော်ရန် ဟန်တပြပြနဲ့ မာန်ကြွနေလေရဲ့။ မှတ်မှတ်ရရ ထိုနေ့က ၂၃ ရက်ညချမ်းကာလ။
ဩော် ဒေါသက လက်နက်ကမ္ဘာကို ဖန်တည်းပေးပြီး အသိဥာဏ်မဲ့မှုမောကက အကန်းကမ္ဘာကြီးကို ပုံဖော်နေကြပြီ။ သမိုင်းထဲက မိတ္ထီလာနောက် စိတ်အစဉ်တို့ စီးနင်းဝင်ရောက်နေစဉ် မိတ္ထီလာက သမိုင်းထဲ ပြန်ဝင်နေလေပြီ။
(ဗန်းမော်ဆရာတော်ဦးကုမာရာဘိဝံသရေး အင်းမကြီးသိမ်တောင်သာသနာဝင်ကျမ်းနဲ့ ကိုယ်တွေ့တစ်ချို့ကို မှီး၍ ရေးလိုက်ပါတယ်။)