မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Friday, November 30, 2012

ဝေရဉ္ဇာ ဒိုင်ယာရီ


    ကျွန်ုပ်၏အမည်သည် မောဂ္ဂလာန်ဖြစ်၏။ ကျွန်ုပ်ကို တန်ခိုးနှင့်ပတ်သက်၍ လူသိများသည်။ မြတ်ဗုဒ္ဓကလည်း ကျွန်ုပ်အား တန်ခိုးအကြီးဆုံးရာထူးဖြစ်သော ဧတဒဂ်ဘွဲ့ကို ချီးမြင့်ထား၏။ ကျွန်ုပ်၏ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပတ်သက်၍ နန္ဒောပနန္ဒနဂါးမင်းကို ချွတ်ခန်း၊ သိကြားမင်း၏ ဝေဇယန္တာပြသာဒ်ကို ခြေမဖြင့်ညှပ်၍ လှုပ်ခါပြခန်း၊ ဒေ၀ဒတ်နောက် ပါသွားသော တပည့် ရဟန်းငယ်တို့ကို တန်ခိုးပြ၍ စည်းရုံးခန်းစသည်တို့ကိုသာ လူသိများကြသည်။ ကျွန်ုပ်ရဟန်း ဖြစ်ခါစက ဖြစ်ပျက်ခဲ့သော တန်ခိုးနှင့်ပတ်သက်သည့် ဇာတ်လမ်းတစ်ခုမှာ လူသိနည်းလှပေသည်။ ထိုဇာတ်လမ်းသည် မြတ်ဗုဒ္ဓဝေရဉ္ဇာပြည်၌ ဆယ့်နှစ်ဝါမြောက် ၀ါဆိုဝါကပ်စဉ်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
    

တစ်ခါက မြတ်ဗုဒ္ဓနှင့် တပည့်ရဟန်းငါးရာသည် ဝေရဉ္ဇာပြည်သို့ ကြွချီခဲ့လေသည်။ ထိုအထဲတွင် ကျွန်ုပ်လည်း ပါဝင်သည်။ "၀င်ဝင်ချင်း ဆောက်နဲ့ထွင်း" ဆိုသကဲ့သို့ ခရီးရောက်မဆိုက် ဝေရဉ္ဇာပုဏ္ဏားကြီး ဆိုက်ရောက်လာပါသည်။ ဝေရဉ္ဇာပုဏ္ဏားကြီးသည် နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်။ နာမည်ကြီး ဗြာဟ္မဏဆရာကြီးတစ်ဦးဖြစ်သည်။ သူ၏နာမည်ရင်းမှာ ဥဒယဖြစ် သည်။ ဝေရဉ္ဇာမြို့၌ နေထိုင်သူဖြစ်သောကြောင့် ဝေရဉ္ဇာပုဏ္ဏားကြီးဟု ခေါ်ဆိုကြခြင်းဖြစ် သည်။ ဗြာဟ္မဏမျိုးရိုးမှ ဆင်းသက်ပေါက်ဖွားလာသူ၊ အသက်အရွယ် ကြီးရင့်သူ၊ မင်းနှစ် ဆက်သုံးဆက်ကြုံခဲ့ပြီးဖြစ်သဖြင့် အတွေ့အကြုံများသူစသည်ဖြင့် ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်သည်။
    

ပုဏ္ဏားကြီးသည်  ဗုဒ္ဓ၏ဂုဏ်သတင်းကျော်ကြားမှုကို စုံစမ်းလို၍ ရောက်ရှိလာခြင်း ဖြစ်သည်။ မြတ်ဗုဒ္ဓကလည်း ၀မ်းမြောက်ဖွယ် နုတ်ခွန်းဆက်စကားများဖြင့် ဆီးကြိုလေသည်။ ပုဏ္ဏားကြီးသည် အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ မြတ်ဗုဒ္ဓသည် နုပျိုငယ်ရွယ်သည်။ လောကဝေါဟာရအရ ဖအေနှင့်သားပမာ ဖြစ်နေ၏။ ပုဏ္ဏားတို့၏ယဉ်ကျေးမှုအရဖြစ်စေ၊ လောကထုံးစံအရဖြစ်စေ ငယ်သူက ကြီးသူကို ရိုသေလေးစားရမည်။ နေရာမှ ထပေးရမည်။ ခရီးဦး ကြိုဆိုရမည် ဖြစ်သည်။ ယခုမူကား မြတ်ဗုဒ္ဓက ထိုင်မြဲထိုင်နေသည်။ ပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓ၏ အပြုအမူကို သည်းမခံနိုင်သောကြောင့် အရှင်ဂေါတမသည် ကြီးသူတို့အား မရိုသေ၊ မလေးစားဟု ကျွန်ုပ် ကြားဖူးထား၏။ ယခု ကြားသည့်အတိုင်း အမှန်ဖြစ်နေ၏။ အရှင်ဂေါတမသည် ကြီးသူတို့အား ရိုသေလေးစားမှု (၀ုဍ္ဎာပစာယနဓမ္မ)၌ သာယာသူ၊ မွေ့လျော်သူ မဟုတ်၊ ကြီး သူတို့အား ပူလောင်စေသူဖြစ်၏စသဖြင့် အချက်(ဂ)ချက်ဖြင့် စွပ်စွဲကဲ့ရဲ့၍ ပြစ်တင်ရှုတ်ချလေ၏။
    

ဗုဒ္ဓက ပုဏ္ဏားကြီး၏ စွပ်စွဲကဲ့ရဲ့မှုများကို သည်းခံခွင့်လွတ်၍ ပရိယာယ်တစ်မျိုးဖြင့် ပြန်လည်ချေပ၍ ရှင်းလင်းပြောဆိုလေ၏။ ပုဏ္ဏားကြီး၏ဒေါသကို မေတ္တာဖြင့် နူးညံ့သိမ်မွေ့ စေပြီးနောက် လေးနက်သိမ်မွေ့ခက်ခဲသော ဈာန်မဂ်ဖိုလ်တရားများကို ရှင်းလင်းဟောပြတော်မူ၏။ ပုဏ္ဏားကြီးသည် ဗုဒ္ဓ၏ ဈာနကထာ၊ မဂ္ဂကထာတို့ကို ကြားနာရသောအခါ လွန်စွာအံ့ဩ၍ နှစ်သက်မှုပီတိများ တဖွားဖွားဖြစ်ပွားခဲ့လေ၏။  မြတ်ဗုဒ္ဓက မိမိသည် အ၀ိဇ္ဇာဥခွံအတွင်းမှ ဖောက်ထွက်ကာ ၀ိဇ္ဇာအလင်းကမ္ဘာသို့ ဦးစွာ ရောက်ရှိသူဖြစ်သည်။ ထို့ကြောင့် လောကတွင် မိမိသည်သာ အကြီးဆုံး၊ အမြတ်ဆုံးဖြစ်သည်-ဟု ဟောပြတော်မူ၏။ ပုဏ္ဏားကြီးသည် လွန်စွာကျေနပ်နှစ်သက်ကာ သရဏဂုံဆောက်တည်၍ ရတနာသုံးပါးကို ကြည်ညိုဆည်းကပ်သော ဥပါသကာတစ်ဦး ဖြစ်လာလေ၏။ ပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓအား ဝေရဉ္ဇာပြည်၌ ၀ါဆို (သတင်းသုံး)ပါရန် တောင်းပန်လျှောက်ထားလေ၏။ မြတ်ဗုဒ္ဓကလည်း လက်ခံတော်မူသည်။
    

နာမည်လေးက လှပါသည်။ ဝေရဉ္ဇာ။ စားစရာမှာ ဗလာနတ္ထိ။ ဝေရဉ္ဇာမြို့သို့ ကျွန်ုပ်တို့ ရောက်သွားသည့်အချိန်မှာ မိုးခေါင်ရေရှားနေချိန်ဖြစ်၏။ အစာရေစာ ငတ်မွတ်ခေါင်းပါးနေ၏။ သတ္တ၀ါများလည်း သေကြေပျက်စီးမှု များလာ၏။ တစ်မြို့လုံးလည်း လူရိုး၊ ကောက်ရိုးများဖြင့် ဖွေးဖွေးဖြူနေ၏။ ဗုဒ္ဓနှင့်ရဟန်းတော်များသည် ဆွမ်းခံ၍ မရပါ။ ဝေရဉ္ဇာမြို့သည် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းသောကြောင့် ပြင်ပနှင့်လည်း အဆက်အသွယ်ပြတ်နေ၏။ ထိုအချိန် တွင် ဥတ္တရာပထတိုင်းမှ မြင်းကုန်သည်များ ရုတ်တရက်ရောက်ရှိလာသည်။ မြင်းကုန်သည်တို့က ဗုဒ္ဓနှင့်သံဃာတော်တို့အား မုယောဆန်များ လှူဒါန်းလေ၏။ မုယောဆန်သည် ကြမ်းလွန်းသောကြောင့် ပုဆိန်ဖြင့် ပေါက်စားရမလို ဖြစ်နေ၏။ ရဟန်းတော်တို့သည် ထိုမုယော ဆန်ကြမ်းများကို ထုထောင်း၍ သုံးဆောင်ရလေ၏။ အရှင်အာနန္ဒာသည် မုယောဆန်တို့ကို ထုထောင်း၍ ဗုဒ္ဓအားဆက်ကပ်လေ၏။ နတ်တို့ကလည်း ထိုမုယောဆန်ထဲသို့ နတ်ဩဇာများ ထည့်ကြလေ၏။ တစ်နေ့သောအခါ အရှင်အာနန္ဒာ၏ မုယောဆန်ထောင်းထုသံကို မြတ်ဗုဒ္ဓ ကြား၍ အကြောင်းစုံ မေးမြန်းပြီး "ကောင်းပေစွ၊ ကောင်းပေစွ၊ ချစ်သား အာနန္ဒာ၊ သူတော် ကောင်းဖြစ်ကြသော သင်တို့သည် ဒုဗ္ဘိက္ခ(ငတ်မွတ်ခေါင်းပါးခြင်း)၊ လောဘ(အလိုရမ္မက်ကြီး ခြင်း)၊ ဣစ္ဆာစာရ(လိုချင်နှစ်သက်ခြင်း)တို့ကို အောင်မြင်လေပြီ။ နောင်လာနောက်သားတို့ သည် (ဆန်ကြမ်းများကို မဆိုထားဘိ) အသားရောပြွန်း ဒံပေါက်ဆွမ်းကိုပင် အထင်အမြင်သေးကြလိမ့်မည်"ဟု မိန့်တော်မူလေသည်။
   

 (မှတ်ချက်။ ။ အရှင်အာနန္ဒာသည် ထိုစဉ်က ဗုဒ္ဓ၏ အလုပ်အကြွေးမဖြစ်သေးပါ။ ဗုဒ္ဓ၏ ၀ါတော်(၂၀)အတွင်းတွင် မမြဲအလုပ်အကြွေးရဟန်းမရှိသေးပါ။ တစ်ခါတရံ နာဂသမာလမထေရ်၊ ရံခါ နာဂိတမထေရ်၊ ရံခါ ဥပ၀ါဏမထေရ်၊ ရံခါ သာဂတ၊ ရံခါ သုနက္ခတ္တ၊ ရံခါ မေဃိယ မထေရ်ဟူသော မထေရ်(ရ)ပါးတို့က ပြုစုလုပ်ကျွေးကြ၏။) 
   

 ဝေရဉ္ဇာပြည်၏ ကပ်ဘေးကြီးသည် အဆုံးမသတ်သေးပါ။ ဝေရဉ္ဇာပုဏ္ဏားကြီးနှင့် မြို့သူ၊ မြို့သားတို့ကလည်း ဘုရားရှင်နှင့် သံဃာတော်တို့ကို ဆွမ်းလှူဒါန်းဖို့ မေ့လျော့နေကြလေ၏။ ဤသို့ မေ့လျော့နေခြင်းမှာ မာရ်နတ်က လှည့်ပတ်ထားသောကြောင့် ဖြစ်သည်။ ဘုရားရှင် သည် ထိုနှစ်အဖို့ စမ္ပာ၊ သာဝတ္ထိ၊ ရာဇဂြိုလ်စသော မြို့ကြီးများ၊ တာဝတိံသာကဲ့သို့သော နတ်ဘုံများ၌ သီတင်းသုံးပါကလည်း ၀ဋ်ကြွေးမှ လွတ်မည်မဟုတ်ပါ။ "ဘုရားရှင်သည် ကဿပဘုရားလက်ထက် ပုဏ္ဏားတစ်ဦးဖြစ်ခဲ့စဉ် ရဟန်းတော်များကို စားကောင်း သောက်ဖွယ်များကို စားပြီး အချောင်နေသူတွေ" ဟု စွပ်စွဲကဲ့ရဲ့ဖူးလေသည်။ ထိုဝဋ်ကြွေးကို ယခုပြန်လည်ခံရခြင်း ဖြစ်သည်။ ဘုရားရှင်တို့တောင် ၀ဋ်ကြွေးကို ရှောင်လွဲ၍ မရပါလားဟု သတိသံဝေဂယူရမည် ဖြစ်၏။
    

ကျွန်ုပ်သည် ရဟန်းငယ်များအဖို့ ခေါင်းဆောင်တစ်ဦးဖြစ်နေလေ၏။ အရှင်သာရိ ပုတ္တရာသည်လည်း ထို့အတူပင် ခေါင်းဆောင်တစ်ဦးဖြစ်လေ၏။ ခေါင်းဆောင်သည် ခေါင်းရှောင်၍ မရပါ။ ခေါင်းဆောင်သည် ငယ်သားများ၏ အခက်အခဲများကို ဖြေရှင်းပေးဖို့ရန် တာဝန်ရှိ၏။ ထိုတာဝန်ကို ကျွန်ုပ်၏ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် ဖြေရှင်းရန် ကြံစည်မိ၏။
    

ဤကမ္ဘာမြေကြီး၏အောက်၌ မြေဆီမြေလွှာများရှိ၏။ ထိုမြေဆီမြေလွှာတို့သည် ပျားသကာကဲ့သို့ ချိုမြနေ၏။ ကျွန်ုပ်သည် လက်တစ်ဖက်ပေါ်တွင် သတ္တ၀ါများကို တင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ဤကမ္ဘာမြေကြီးကို လှန်ကာ ထိုမြေဆီမြေလွှာများကို သုံးဆောင်စေမည် ဖြစ်၏။ ထိုအကြံအစည်ကို ဗုဒ္ဓက ပယ်ချခဲ့လေသည်။
    

ဗုဒ္ဓက နောက်ထပ်အဘယ်သို့ ပြနိုင်သေးသနည်းဟု မေးမြန်းတော်မူ၏။ ကျွန်ုပ်လည်း ခြေတစ်လှမ်းဖြင့် မြောက်ကျွန်းသို့ ကြွလှမ်းနိုင်စေရန် လမ်းခရီးကို ကျုံ့ပစ်မည်ဟု လျှောက်ထားသောအခါ ဗုဒ္ဓက ပယ်ချတော်မူပြန်သည်။ ဗုဒ္ဓက ကျွန်ုပ်၏အကြံကို ပယ်ချခြင်းမှာ နောင်လာနောက်သားများအတွက် ဖြစ်သည်။ နောင်အနာဂတ်တွင်လည်း ဤပြဿနာမျိုး ပေါ်ပေါက်လာဦးမည်ဖြစ်၏။ ထိုအခါ တန်ခိုးဣဒ္ဓိပါဒ်ဖြင့် မဖြေရှင်းနိုင်ပါက ဘုရားရှင်၏ တပည့်များကို  အထင်သေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲနိုင်ပါ။ လူအများ၏ အထင်အမြင်သေးခြင်းကို ခံရပါက ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါးရှားပါးကာ သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်မည်မဟုတ်။ သာသနာပြုလုပ်ငန်းများ ခက်ခဲသွားမည်ဖြစ်၏။ လူအများအဖို့လည်း အရိယာနွယ်ဝင် သံဃာတော်အရှင်တို့ကို ပြစ်မှားသော အကုသိုလ်ကံကြောင့် အပါယ်ငရဲသို့ မုချ ကျရောက်ပေလိမ့်မည်။ ထို့ကြောင့် ၀မ်းရေးကို တန်းခိုးဖြင့် မဖြေရှင်းစေလို ခြင်း ဖြစ်သည်။ အရှင်သာရိပုတ္တရာသည်လည်း ခေါင်းဆောင်ပီပီ နောက်လိုက်ငယ်သားများ၏ အရေး၊ သာသနာ့အရေးကို သူ၏ကြီးမားသော ပညာဉာဏ်ဖြင့် ဖြေရှင်းဖို့ရန် တစ်ပါးတည်း ကြံစည်နေလေ၏။ ပုထုဇဉ်တို့သည် လောကဓံဆိုးများနှင့် ရင်ဆိုင်တွေ့ကြုံရပါက ကိုယ်ကျင့်တရားများ ပျက်ပြားတတ်ကြလေ၏။ ယခုဝေရဉ္ဇာပြည်၏ ဒုဗ္ဘိက္ခဘေးကို ရဟန်းတော်များ လည်း ရင်ဆိုင်နေရပြီ။ နောင်အနာဂတ်တွင် ဤပြဿနာမျိုး ပေါ်ပေါက်လာနိုင်သည်။
    

ထိုကဲ့သို့သော ပြဿနာမျိုးမပေါ်ပေါက်သေးခင် ယခုကတည်းက စည်းမျဉ်းဥပဒေ (၀ိနည်းသိက္ခာပုဒ်)များ သတ်မှတ်ပြဋ္ဌာန်း(ပညတ်)ထားသင့်သည်ဟု အရှင်သာရိပုတ္တရာက ကြံစည်မိလေသည်။ ဤအကြံကို ဘုရားရှင်အား လျှောက်ထားလေ၏။ ဘုရားရှင်က ရဟန်းတော်များကြားတွင် လောဘ၊ ဒိဋ္ဌိ၊ မာနဟူသော အာသဝေါတရားများ ဖြစ်ပွားပေါ်ပေါက်လာမှ သိက္ခာပုဒ်များကို ပညတ်မည်ဟု မိန့်တော်မူ၍ အရှင်သာရိပုတ္တရာ၏ အကြံကိုလည်း ပယ်ချခဲ့လေသည်။
   

 ဝေရဉ္ဇာပြည်၏ ကပ်ကြီးလည်း ပြီးဆုံးသွားပြီ။ ၀ါလည်း ကျွတ်လေပြီ။ ဘုရားရှင်သည် အရှင်အာနန္ဒာကို ခေါ်၍ ဝေရဉ္ဇာပုဏ္ဏားထံ ပန်ကြားဖို့ရန် ကြွသွားလေသည်။ မိမိတို့ကို ပင့်ဖိတ်ထားသော ဒါယကာတို့အား ပန်ကြားအသိပေးပြီးမှ ဒေသစာရီကြွချီခြင်းသည် ဘုရားရှင်တို့၏ ထုံးစံဖြစ်သည်။
    

ဘုရားရှင်ကြွလာသောအခါ ဝေရဉ္ဇာပုဏ္ဏားကြီးက မိမိသည် ဃရာဝါသ၊ ကိစ္စများ မြောင်၊ လူတို့ဘောင်တွင် နေထိုင်ရသူဖြစ်သောကြောင့် သတိမေ့လျော့ကာ အရှင်ဘုရားတို့ကို ပစ်ထားမိပါသည်ဟု တောင်းပန်လျှောက်ထားလေ၏။ ထို့နောက် ဘုရားရှင်နှင့် သံဃာတော်တို့အား ဆွမ်း၊ သင်္ကန်းများ လှူဒါန်းဆက်ကပ်လေ၏။ ဘုရားရှင်က ဆွမ်းအနုမောဒနာတရား ဟောကြားပြီးနောက် ဆက်လက်၍ သာသနာပြုရန် ဒေသစာရီ ကြွချီခဲ့လေသည်။ ဝေရဉ္ဖာမှ တစ်ဆင့် သောရေယျပြည်၊ သင်္ကဿပြည်၊ ကဏ္ဏကုဇ္ဇအရပ်၊ ပယာဂဆိပ်ကမ်း၊ ဂင်္ဂါမြစ်တို့ကို ဖြတ်သန်းကာ ဗာရာဏသီ၊ ဝေသာလီပြည်များသို့ အစဉ်အတိုင်းကြွချီကာ သာသနာတော်ကို ဖြန့်ချီခဲ့လေသည်။

  မြတ်ဗုဒ္ဓ၏ ဝေရဉ္ဇာသာသနာပြခရီးမဟာသည် စိတ်ဝင်စားဖွယ်၊ သံဝေဂရဖွယ်၊ လေးစားကြည်ညိုဖွယ်၊ သင်္ခန်းစာယူဖွယ်များဖြင့် ပြည့်နှက်နေလေ၏။ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းသော ခရီးကြမ်းများကို ရင်ဆိုင်ခဲ့ရခြင်း၊ ဝေရဉ္ဇာပုဏ္ဏားကြီး၏ ဒေါသစကားလုံးများကို မေတ္တာနှလုံးသားဖြင့် အနိုင်ယူခဲ့ခြင်း၊ ဒုဗ္ဘိက္ခဘေးများ၊ ရာသီဥတုဘေးများကို သည်းခံခဲ့ခြင်းတို့သည် အနာဂတ်သာသနာပြုရဟန်းတော်တို့အတွက် ဂုဏ်ယူအားတက်ဖွယ်၊ အတုယူလေးစားလိုက်နာဖွယ် ဖြစ်ပါကြောင်းကို ကျွန်ုပ်၏  ဝေရဉ္ဇာခရီး ဒိုင်ယာရီက မှာတမ်းပြုခဲ့ချင်ပါ၏.................။

   


                                        ပုံ   
အရှင်မဟာမောဂ္ဂလာန်
ခေတ္တ=ဝေရဉ္ဇာ
ဘီစီ=၅၈၇


(၂၀၀၇ ခုနှစ်ထုတ်၊ မန္တလေး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မဂ္ဂဇင်းတွင် ရေးခဲ့သော ဆောင်းပါး)            
  


 
             
       
   

Sunday, November 18, 2012

Historical Beginning of Theravada Tradition


Theravada is combined with “Thera and vada”. Thera derives from Thira. The definition of Thira is stable or firm. The word “firm” is also called Sīla, Samādi and Piññā according to the commentary of Theragāthā, Therīgāthā and Apādāna. 
Those who are endowed with these qualities are called Thera. Vada means the teaching of the Thera. So, according to “Therānam Vado Theravādo” the teaching of Thera is called Therava. That is Another definition of Theravada Tradition.
            Theravada means the opinion of the senior monks of Buddha’s disciples. After the Buddha passed away, Ven. Mahākassapa led and held the first Buddhist Council participating Five hundred Arahants.
            They accepted this word that “Handa mayam āvuso dhammam ca vinayam ca sangāyāma” encouraged by Ven. Mahākassapa. Then, they collected all Buddha’s teachings and counted how much Dhamma and Vinaya. All Dhamma and Vinaya were classified systematically.    
Then, within hundred years, in order to examine and suppress the practices of unlawful ten points from the Vinaya held by Vajjian monks, Theras held the Second Buddhist Council. Led by Ven. Yasa, Revata and Sabbakāmī, that council was performed with seven hundred monks. There were different views about Vinaya between the two councils.
After the Socend Buddhist Council, there arose different views as regards Dhamma. It is consider ed that Kathāvatthu composed by Moggaliputtatissa had developed philosophical points of views.  Regarding the views of Dhamma, there developed 7 schools in Mahāsanghika and 11 schools in Thera vāda within three hundred centuries B. C. Many years later, Mahāsanghika became Mahāyāna. The eleven sets are Mahisāsaka, Vijjiputtaka, Dhammaguppattika and Sabbatthivāda, etc. Mahāsan ghikas were also divided as Gokulika, Paññattivāda, Cetiyavāda and so on. Theravāda school gradually declined from India. But its branch continues to survive in Sri Lanka and South East Asia.
First and second Buddhist Councils arose depending on Vinaya problems. The third Buddhist Council arose depending on Dhamma because there were arguments each other on the Dhamma.
            After the Third Buddhist Council, with Āsoka’s patronage, Moggaliputta Tissa sent religious missions to nine different countries for the introduction, development and spread of Buddhism. Buddhism flourished depending on geographical area as Northern Buddhism and southern Buddhism.
The Theravada school bases on its practice and doctrine especially the Pāli Canon and its commentaries. After being orally transmitted for a few centuries, the Pāli canon and commentaries were written in the last century BC.
            Theravāda is primarily practiced today in Sri Lanka, Burma, Laos, Thailand, Cambodia as well as small portions of China, Vietnam, Malaysia and Bangladesh. It has a growing at presence in Europe and America.
            In conclusion, the early three councils were held in India. They are regarded as early historical beginning of Theravāda Tradition. Theras participated in all councils. So, Theravāda is nothing but the opinion of the senior monksof Buddha’s disciples.                                                                                                                          


  




Wednesday, November 14, 2012

ကုသိုလ် မျှော်နေသူများ

ချင်းပြည်နယ်က လွမ်းမောဖွယ်ရာ ချင်းရွာတစ်ရွာ
မောင်ရှိန်းဗွေ တစ်ယောက် ကျောင်းပေါ်ရောက်နေတာ နေကုန်တော့မည်။ ဘာကိစ္စ လည်း မေးမရ။ ကိုယ်မေးတာ သူနားမလည်၊ သူပြောတာ ကိုယ်နားမလည်။ သူက ချင်းလူမျိုး၊ ဗမာစကား မတတ်။ ကိုယ်က ဗမာ၊ ချင်းစကား တစ်လုံး၊ နှစ်လုံးပဲ သိသူ။
          တရွေ့ရွေ့နဲ့ နေစောင်းလာချေပြီ။ မြူတွေ မှိုင်းလာသည်။ တစ်တောလုံး၊ တစ်တောင် လုံး အုံ့ဆိုင်းဆိုင်းနဲ့ အအေးဓာတ်တွေ လွမ်းပတ်လာချေပြီ။ ချင်းတောင်သည် အေးမြမှုရှိ သည်။ သို့သော် ၀န်ကျင်ကို ကာစီးထားတဲ့ မြူမှုံ၊ မင်းလွင်တွေက ၀န်းကျင်ကို ကားဆီးနေ တတ်သည်။ မြူမှုံမင်းလွင်တွေ ကြားကပဲ ကိုယ်လိုရာခရီးကို စမ်းတ၀ါးဝါး လျှောက်လှမ်းရ တော့သည်။ တောင်တန်းသာသနာပြုရဟန်းတစ်ပါးအနေနဲ့ တစ်စိမ်းတရံဆန်တဲ့ နယ်မြေမှာ စမ်းတ၀ါးဝါးနဲ့ ခရီးနှင်နေရသည်။ အရာရာကို သည်းခံ၍ အခြေအနေကြည့်ပြီး မီးစင်ကြည့်က ရတော့မည်။   
          ဗမာစကားပြန်ပေးနိုင်သူ ချင်းလူငယ်တစ်ဦး ရောက်လာသည်။
"...ဒကာ...မောင်ရှိန်းဗွေ ငါ့ကျောင်းမှာ တစ်နေကုန် ထိုင်နေတာ၊ ဘာမှလဲ မေးမရဘူး။ မေးလိုက်စမ်းပါဦး၊ ဘာကြောင့်လဲဆိုတာ သိရအောင်...."
         
".....သူက ကုသိုလ်မရသေးလို့ စောင့်နေတာတဲ့ ဘုန်းကြီး..."
          စကားပြန်က ရှင်းပြသည်။
          ဟိုက်......ကိုယ့်နဖူးကို လက်ဝါးနဲ့ ရိုက်မိသည်။ မောင်ရှိန်းဗွေတစ်ယောက် အသား ကင်များလာပို့ပြီး ဘာကြောင့်တစ်နေကုန် စောင့်နေတယ်ဆိုတာ ခုမှ သိရတော့သည်။
          မောင်ရှိန်းဗွေက ကုသိုလ်ဆိုတာကို ခုမှ ကြားဘူးသူ။ ကုသိုလ်ဆိုတာ....မြင်ရတဲ့အရာ ၀တ္ထုတစ်ခုခုဟု ထင်နေသူ။ ကုသိုလ်ဆိုတာ ခု မရသေးဘူး။ နောင်ကြာမှ ဒါမှမဟုတ် နောင် ဘ၀ရောက်မှ ရမှာဟု ရှင်းပြလိုက်လျှင်လည်း လက်ငင်းကောင်းကျိုးချမ်းသာ မပေးဘူးလားဟု မေးလာစရာ ရှိသည်။ အဲသလို ပြောရန်လည်း မသင့်။
          စကားပြန်မှတစ်ဆင့် မောင်ရှိန်းဗွေ နားလည်းအောင် ဘယ်လို ရှင်းပြလျင် ကောင်း မလဲ...ဟု တွေးနေမိသည်။ အလှည့်ကျ မနွဲ့စတမ်းဟု နှလုံးသွင်းကာ ကြိုးစား၍ ရှင်းပြ လိုက်သည်။
         
          ".....ဒကာ.....ခင်များကို နားလည်အောင် အရင်ရှင်းပြမယ်။ ပြီးမှ ဒကာတော်က ကြိုးစားပြီး မောင်ရှိန်းဗွေကို သဘောပေါက်အောင် ပြန်ရှင်းပြလိုက်..."
       
          နိဒါန်းပျိုးလိုက်သည်။ လည်ချောင်းရှင်းကာ အလွယ်ကူဆုံး ဝေါဟာရများနဲ့ ရှင်းပြ လိုက်သည်။  
         
          ပေးလှူတယ်ဆိုတာ မိမိပစ္စည်းကို စွန့်လွတ်ခြင်းဖြစ်တယ်။ မိမိပစ္စည်းကို စွန့်လွတ်ဖို့ဆို တာ ပစ္စည်းပေါ်မှာ တွယ်တာနေမယ်၊ နှမြောနေမယ်ဆိုရင် စွန့်လွတ်ချင်မှာ မဟုတ်ဘူ။ စွန့် လွတ်ဝံ့မှာ မဟုတ်ဘူး။ စွန့်လွတ်တယ်ဆိုတာ တကယ်တော့ မိမိပစ္စည်းပေါ်မှာ တွယ် တာကပ်ငြိနေတဲ့ လောဘကို စွန့်လွတ်ခြင်းဖြစ်တယ်။ အဲဒါဟာ လောဘကို ပယ်သတ်တာပဲ။ အဲ သလို လောဘကို ပယ်သတ်နိုင်၊ ပယ်သတ်နိုင်လာရင် လောဘတွေ နဲနဲသွားမယ်။ လောဘတွေ နဲနဲ သွားရင် ပစ္စည်းပေါ်မှာ တွယ်တာမှု၊ စိုးရိမ်ပူပန်မှုတွေ လျှော့လျှော့သွားမယ်။ အဲသလို စိုးရိမ် ပူပန်မှုတွေ လျှော့လျှော့သွားရင် စိတ်ထဲ အေးလာမယ်။ စိတ်အေးလာရင် စိတ်ကြည်လင်မယ်။ စိတ်ကြည်လင်လာတော့ စိတ်ချမ်းသာလာမယ်။ အဲဒါ ကုသိုလ်ရတာပဲ.....ဒကာ။
       
          "...အဲဒါ ခုချက်ချင်းရတဲ့ ကောင်းကျိုးချမ်းသာတွေပဲ။ နောင်ဘ၀မှာလည်း ကောင်းကျိုး ချမ်းသာတွေ ရလာအုံးမှာပဲ..."
         
          ထပ်ရှင်းပြလိုက်တယ်။
          သူတို့ အချင်းချင်း ချင်းစကားနဲ့ အပြန်အလှန် ပြောနေသံတွေ ဆူညံနေသည်။ မောင်းရှိန်းဗွေ မျက်နှာအကဲခတ်ရတာ ကျေနပ်အားရပုံ မပေါ်။
          ညကမ္ဗလာ ၀တ်ရုံလွှာက ချင်းတောင်တန်းကို ခပ်ကြမ်းကြမ်း လွှမ်းခြုံသွားလေပြီ။ ရင် ထဲက အပူက အပြင်ဘက် အအေးဒဏ်ကို တန်ပြန်တိုက်စစ်ဆင်နေလေရော့သလား ...........
          ထင်ရှုးမီးရောင် မှုံပြပြအောက်က မောင်းရှိန်းဗွေမျက်နှာမှာ နီကြန့်ကြန့်နဲ့ အဆီပြန်နေ သည်။ မောင်ရှိန်းဗွေက ကျွနိုပ်အား စိုက်ကြည့်ပြီး တစ်ခုခုပြောလိုက်သည်။ စကားပြန်က.......
          ".....ခရစ်ယာန်တွေလာရင် သူတို့ကို ပေးဖို့၊ လှူဖို့ မပြောဘူး။ ငါတို့ကို သူတို့ကချည်း ပေးတာ။ ဒို့က ဒါကြောင့် သူတို့ကို သဘောကျတယ်..တဲ့။ ခု ဘုန်းကြီးတို့က မပေးဘဲနဲ့ တောင်းနေတာလား၊ လှူခိုင်းနေတာလား ...................လို့ သူက မေးနေတယ် ဘုန်းကြီး..."
          အရှိုက်ထိသွားသည်။ စိတ်ထဲ ထောင်းကနဲ ဖြစ်သွားသည်။ သူတို့က ဘယ်လောက်ထိ လှူနိုင်လို့လဲ.......
          မာန်မာနနဲ့ စပ်ယှဉ်တဲ့ ခံပြင်းချက် အတွေးတစ်ချက်က ဓားထက်ထက်နဲ့ စင်းသလို စေတနာလှိုင်းတွေကို အပိုင်းပိုင်း ပြတ်သွားစေသည်။
          "...စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန်သာသနာ မဟုတ်လော..........."
သတိပြန်ဝင်လာသည်။ ဟုတ်ပါသည်။ သူတို့ဘ၀တွေက လွန်စွာ နှိမ့်ကျလွန်းတော့ ကူညီ သူကို တမ်းတမိတာ သဘာဝကျပါတယ်။ ကျေးဇူးတရားကို သိတတ်သော်လည်း ပြန်လည် မပေးဆပ်နိုင်တဲ့ဘ၀မျိုးတွေ ဖြစ်နေမှာပါပဲ....ဟု ကရုဏာအခြေခံတဲ့ ဆင်ခြင်တုံတရားများ တဖွားဖွား ပေါ်လာသည်။
          တကယ်တော့ သူတို့အားလုံးဟာ မောင်ရှိန်းဗွေလိုပဲ ကုသိုလ်မရသေးလို့ စောင့်နေကြ သူတွေပါတကား.............................  
         
ချင်းတောင်သာသနာပြုခရီး အတွေ့အကြုံအမှတ်တရ  
       

Friday, November 2, 2012

သုံးချိုးတစ်ချိုး အလှများ



၁။ ၀ါတော်ကြီးတာက ငှက်ပစ်တောင်
၂။ တန်ခိုးကြီးတာက ရွှေစည်းခုံ
၃။ ထုထည်ကြီးတာက ဓမ္မရံကြီး
၎။ စွယ်တော်စတာက လောကနန္ဒာ
၅။ ပြစ်မှားမိတာက ကန်တော့ပလ္လင်
၆။ နံရံဆေးရေးပန်းချီကောင်းတာက စူဠာမဏိ
၇။ ဆုတောင်းပြည့်တာက အလိုတော်ပြည့်
၈။ ထီးလည်းလို မင်းလည်းလို ထီးလိုမင်းလို
၉။ အနုပညာလက်ရာမြောက်တာက အာနန္ဒာ
၁၀။ သမိုင်းဂုဏ်ဆောင် တုရွင်းတောင်
၁၁။ ဗျာဒိတ်တော်ဆောင် တန့်ကြည်တောင်
၁၂။ ငါးဆူဗုဒ္ဓ ဓမ္မရာဇက
၁၃။ ထူးထူးခြားခြား ပြဿဒါး
၁၄။ အဆုံးဘိတ်မှာ သရပါ
ကြည်ညိုဖွယ်ရာ ပုဂံလက်ရာ.......................

          ကလေးငယ်များက ဘုရားဖူးလာသူတို့အား လိုက်လံရှင်းပြရင်း နောက်ဆုံးမှာ အထက် က ကဗျာလေးကို ရွတ်ပြနေသည်။
          ဒီလို လိုက်ရှင်းပြတဲ့ ကလေးငယ်လေးတွေကို ရွှေစည်းခုံနဲ့ ငှက်ပစ်တောင်မှာ တွေ့ရ သည်။ သူတို့ ကျောင်းနေအရွယ်လေးတွေပါ့လား........ဟု ခန့်မှန်းကြည့်မိသည်။

"ကျောင်းမနေနိုင်ကြဘူး ထင်ပါရဲ့........."
          ကရုဏာစွက်တဲ့ နာကျင်ခံခက် အတွေးတစ်ချက်က ပုဂံနေပူရှိန်အောက် မွှေနောက်သွားသည်။
          "..ဒီက ဘုန်းဘုန်းကြီး၊ အကိုကြီး၊ အမကြီးတို့ နောက်တစ်ခါလာရင် သိန်းထီကြီး ပေါက် ပြီး ကိုယ်ပိုင်ကားလှလှလေးနဲ့ ပြန်လာနိုင်ပါစေလို့ သားသားတို့ သမီးတို့ ဆုတောင်းပေး လိုက်ပါတယ်နော်...."
          "သမီးတို့ ဒီနားကနေ ဆက်ပြီး လိုက်လို့ မရလို့ ဒီမှာပဲ နေခဲ့တော့မယ်..."

ဂေါပကတွေနဲ့ ဝေးရာတွင် သူတို့ ချန်နေခဲ့ကြသည်။ မိမိနဲ့ ပါလာတဲ့ ချင်းတောင်တန်းမှ တပည့်တွေကို ကြည့်ပြီး သက်ပြင်းတစ်ချက် ချမိသည်။ သူတို့ကို မြေပြန့်မှာ ဘ.က ကျောင်းတွေ ထားပေးတာတောင်မှ မိမိအနေနဲ့ သိပ်မပံ့ပိုးနိုင်သေးပေ။ သီတင်းကျွတ်ကျောင်း ပိတ်တုံး သူတို့တတွေအား ပုဂံဘုရားများကို အားပါးတရ ဖူးမျှော်ပါစေတော့ဟု နှလုံးပိုက်၍ အကုန်အကျခံကာ လိုက်လံပြသလိုက်တယ်။
          သူတို့သည် ဘုရားများကိုလည်း အားပါးတရ ဖူးမျှော်ကြသည်။ ဘုရားဈေးတန်းမှ လက်ဆောင်ပစ္စည်းလှလှလေးတွေကိုလည်း အထူးမျှော်ကြသည်။ ဈေးကြီးလွန်းလျင် အကြောင်းပြချက် ကောင်းကောင်းရှာပြီး ကားဆီ ခပ်သုတ်သုတ် နှင်ရတော့သည်။
          ဘုရားဖူးလာသူများ၊ လိုက်လံရှင်းပြသူများ၊ ရိုးရာအမွေအနှစ်အလှများ၊ မိမိတပည့် လေးတွေရဲ့ လှပလာမည့် အနာဂတ်ပုရိပ်များ၊ ခန့်ငြားထည်ဝါလှတဲ့ စေတီပုထိုးများရဲ့ ပျက်စီးယိုယွင်းလာမှုနဲ့ မိမိတို့ တစ်တွေလည်း အနာဂတ်တွင် ဒီလိုပဲ သင်္ခါရတရားတွေနဲ့ နိဂုံးချုပ်ရမှာပါလား.....ဟု အလှပေါင်းစုံကို ခပ်ဖြန်းဖြန်း ခြုံငုံသုံးသပ်နေမိသည်။ ၀န်းကျင် အလှများကို ရောသမမွှေကြည့်နေမိသည်။
          
 "ဘုန်းဘုန်း တပည့်တော်တို့ ဆိုင်ကို ဆွမ်းဘုန်းပေးဖို့၊ အအေးဘုန်းပေးဖို့ ကြွပါဦးဘုရား........"

          မင်္ဂလာရှိတဲ့ အသံက အတွေးတွေကို ဘောင်ခပ်လိုက်သည်။ ဗူးဘုရားညာဘက်က မမိုးမိုးထမင်းဆိုင်မှ အသိဒကာမများရဲ့ ပင့်ဖိတ်သံ။
          အတိက်ကို လှန်နေတဲ့ အတွေးတွေနဲ့ အနာဂတ်ဆီ ပျံနေတဲ့ ပစ္စုပ္ပန်အသံဗလံတွေက သုံးချိုးတစ်ချိုး (သို့မဟုတ်) သရီးအင်ဝမ်းတစ်ခွက်ထဲတွင် စုံပြုံနေသည်။
          သြော် ရသစုံ အလှမြင်ကွင်း ပုဂံရဲ့ ရှုခင်းတွေပါလား............