မူလစာမျက်နှာ၊ ကဗျာ၊ဟာသ၊ ၀တ္ထု၊ ဆောင်းပါး၊ ခရီးသွား၊ ခံစားမှု၊ ဘာသာပြန်

Sunday, August 19, 2012

ဒေါက်တာနတ်ပွဲ

သပြေပင်ရွာမှ သာယာကြည်နူးစရာ ညအခါ


ကျွန်ုပ်နဲ့ သူငယ်ချင်း ဦးနန္ဒိယတို့ အိန္ဒိယမှာ Ph.D ၀င်ခွင့်ဖြေထားတာ။ ဂေဇက်မထွက်သေးတာနဲ့ မိတ္ထီလာမြို့ပေါ်မှာ နိုင်ငံခြားသူ၊သားတွေနဲ့ ခွဲခြမ်းစိတ်ဖြာ ဓမ္မအင်္ဂလိပ်စာ သင်တန်းတွေ အကုန်အကျခံပြီး ဖွင့်ဖြစ်ပါတယ်။ ဌာနဆိုင်ရာတွေက နိုင်ငံခြားသားတွေ ခုလို စုရုံးစုရုံးလုပ်တာကို မကြိုက်ပါဘူး။ 

သူတို့က မကြာခဏ စစ်လား၊ ဆေးလား၊ လုပ်လိုလုပ်၊ ပြန်ပို့ခိုင်းလို့ ခိုင်း၊ ရဲတွေနဲ့ ၀ိုင်းလို့ ၀ိုင်း၊ ဖုန်းတောက်လျှောက် ဆက်လို့ဆက်၊ အမျိုးမျိုး စိက်ပျက်အောင် လုပ်ပါတယ်။   

ဒါနဲ့ ညည ကားနဲ့ အသာထွက်သွားပြီး မိတ္ထီလာနယ်နိမိတ်အလွန်ဖြစ်တဲ့ သပြေပင်ရွာကို သွားသွား အိပ်ကြပါတယ်။ အဲဒီရွာက မိတ္ထီလာမြို့နဲ့ နီးတဲ့ ရွှေလှံညောင်အိုင်လမ်းခွဲမှာ ရှိပါတယ်။ နေ့မှာ မိတ္ထီလာမြို့ပေါ်သင်တန်းသွားပြ၊ ညမှာ သပြေပင်ရွာ ပြန်ပြန်အိပ်။

ရွာသူ၊ ရွာသားတွေက မိမိတို့ကို သိပ်မကြည်ကြဘူးထင်တယ်။ သူတို့က နတ်ပွဲလုပ်ပေးစေချင်တာ။ မိမိတို့က မလှုပ်။ အရင်ဆရာတော် ဦးဥတ္တမသာရက နတ်ပွဲတွေလုပ်ပေးရင်း ဒီဘုရားတွေကို တည်သွားတာပါ။ မိုးမရွာလို့ မိမိတို့ကို နတ်ကနားပေးဖို့ စီစဉ်ဖို့ လျှောက်တော့ ငြင်းလိုက်တယ်။ သူတို့က မိမိတို့ကို ခင်မင်ဖော်ရွေမှု မပေးကြပါဘူး.........။

Dhamma Vibhajja English Class, at Texitile Mill Factory in Meikhtila town

မိတ္ထီလာ၊ တပ်မတော်ချည်မျှင်စက်ရုံမှ ၀န်ထမ်းများ၊ အရာရှိများအား ၀ါတွင်းကာလ အင်္ဂလိပ်စာ သင်တန်း အရည်အချင်း စစ်ဆေးနေစဉ်......................

Sunday, August 12, 2012

Photo Article



We need to educate for Happy & Simple New Generations
Farewell & Honoring certificate of Analytical Dhamma Vibhijja English Class in Meiktila, 31.7.2012